ကိုယ်တော်ကလည်း “သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။