Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:6-12 Myanmar Standard Bible (MSB)

6. သို့​သော် နေ​ထွက်​လာ​၍ နေ​လောင်​ဒဏ်​ခံ​ရ​သော​အ​ခါ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

7. အ​ချို့​မူ​ကား ဆူး​ပင်​တို့​တွင်​ကျ​သ​ဖြင့် ဆူး​ပင်​တို့​ကြီး​ထွား​လာ​၍ ၎င်း​ကို ကာ​ဆီး​ပိတ်​ဆို့​ကြ​သော​ကြောင့် အ​သီး​မ​သီး​ချေ။

8. အ​ချို့​တို့​မူ​ကား ကောင်း​သော​မြေ​၌​ကျ​သ​ဖြင့် အ​ပင်​ပေါက်​၍​ကြီး​ထွား​ကာ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ အ​သီး​သီး​လေ​၏”​ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက် “ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

10. ကိုယ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​နောက်​လိုက်​နောက်​ပါ​များ​နှင့် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် ထို​ပုံ​ဥ​ပ​မာ​များ​အ​ကြောင်း​ကို မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “သင်​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အ​ပြင်​လူ​တို့​အ​တွက်​မူ​ကား အ​ရာ​ရာ​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့်​ဖော်​ပြ​ရ​၏။

12. ဤ​သည်​ကား သူ​တို့​သည် မြင်​လျက်​ပင် သ​တိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေ​ရန်​ဖြစ်​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် ပြောင်း​လဲ​၍ ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။