Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:28-41 Myanmar Standard Bible (MSB)

28. မြေ​ကြီး​သည် အ​လို​အ​လျောက်​အ​သီး​သီး​စေ​လျက် ဦး​စွာ အ​ပင်၊ ထို့​နောက် အ​နှံ၊ ထို​မှ​တစ်​ဆင့် အ​နှံ​ထဲ​တွင် အောင်​သော​အ​ဆန်​ကို​ဖြစ်​စေ​၏။

29. အ​သီး​မှည့်​သော​အ​ခါ ရိတ်​သိမ်း​ချိန်​ရောက်​လာ​သည်​ဖြစ်​၍ သူ​သည် ချက်​ချင်း​တံ​စဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်​မူ​၏။

30. တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သို့​မ​ဟုတ် မည်​သည့်​ပုံ​ဥ​ပ​မာ​ဖြင့် ဖော်​ပြ​ရ​မည်​နည်း။

31. ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ ထို​အ​စေ့​သည် မြေ​၌​စိုက်​သော​အ​ခါ မြေ​ကြီး​ပေါ်​ရှိ အ​စေ့​တ​ကာ​တို့​ထက် သေး​ငယ်​၏။

32. စိုက်​ပြီး ကြီး​ထွား​လာ​သော​အ​ခါ​တွင်​မူ ဟင်း​သီး​ဟင်း​ရွက်​ပင်​အား​လုံး​ထက်​ကြီး​၍ ၎င်း​၏​အ​ရိပ်​အောက်​တွင် မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​သိုက်​ဖွဲ့​နေ​နိုင်​လောက်​သော ကြီး​မား​သည့်​အ​ကိုင်း​များ​ထွက်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

33. ကိုယ်​တော်​သည် ထို​သို့​သော​ပုံ​ဥ​ပ​မာ​များ​စွာ​တို့​ဖြင့် လူ​တို့​ကြား​နာ​နိုင်​သည့်​အ​တိုင်း တ​ရား​စ​ကား​ကို သူ​တို့​အား ဟော​ပြော​တော်​မူ​၏။

34. ပုံ​ဥ​ပ​မာ​မ​ပါ​ဘဲ သူ​တို့​အား ဟော​ပြော​တော်​မ​မူ။ သို့​သော် မိ​မိ​တ​ပည့်​တော်​တို့​ကို​မူ​ကား အ​ကြောင်း​အ​ရာ​အား​လုံး​ကို သီး​သန့်​ရှင်း​ပြ​တော်​မူ​၏။

35. ထို​နေ့ ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​က “တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​စို့”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

36. ထို့​ကြောင့် သူ​တို့​သည် လူ​ထု​ပ​ရိ​သတ်​ကို​ချန်​ထား​ခဲ့​၍ လှေ​ပေါ်​၌​ရှိ​နေ​သော​ကိုယ်​တော်​ကို ခေါ်​ဆောင်​သွား​ကြ​၏။ အ​ခြား​သော​လှေ​များ​သည်​လည်း ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။

37. ထို​အ​ခါ ပြင်း​ထန်​သော​လေ​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်​ခတ်​သ​ဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လု​နီး​ပါး​ဖြစ်​လေ​၏။

38. သို့​သော် ကိုယ်​တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်း​အုံး​အုံး​လျက် အိပ်​စက်​နေ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို​နှိုး​လျက် “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သေ​ရ​တော့​မည်​ကို ကိုယ်​တော်​ဂ​ရု​မ​စိုက်​ဘဲ​နေ​တော်​မူ​သ​လော”​ဟု လျှောက်​ကြ​၏။

39. ထို​အ​ခါ ကိုယ်​တော်​သည်​ထ​၍ လေ​ကို​ဆုံး​မ​ကာ ပင်​လယ်​အား “တိတ်​ဆိတ်​ငြိမ်​သက်​လော့”​ဟု မိန့်​တော်​မူ​ရာ လေ​သည်​ငြိမ်​သ​ဖြင့် အ​လွန်​ငြိမ်​သက်​သာ​ယာ​သွား​လေ​၏။

40. ထို့​နောက် ကိုယ်​တော်​က “အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း။ ယ​ခု​ထိ ယုံ​ကြည်​ခြင်း​မ​ရှိ​ကြ​သေး​သ​လော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

41. သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​လျက် “ဤ​သူ​ကား မည်​သူ​ဖြစ်​သ​နည်း။ လေ​နှင့်​ပင်​လယ်​တို့​ပင်​လျှင် သူ့​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။