Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 4:21-28 Myanmar Standard Bible (MSB)

21. တစ်​ဖန် ကိုယ်​တော်​က “ဆီ​မီး​ကို တောင်း​အောက် သို့​မ​ဟုတ် ခု​တင်​အောက်​၌​ထား​ရန် ယူ​လာ​လေ့​ရှိ​သ​လော။ ဆီ​မီး​ခုံ​ပေါ်​၌​ထား​ရန် ယူ​လာ​သည်​မ​ဟုတ်​လော။

22. အ​ကြောင်း​မူ​ကား ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​တွင် မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။ ဖုံး​ကွယ်​ထား​သော​အ​ရာ​များ​တွင်​လည်း မ​ထင်​ရှား​လာ​မည့်​အ​ရာ​ဟူ​၍​မ​ရှိ။

23. ကြား​စ​ရာ​နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

24. ထို့​နောက် ကိုယ်​တော်​က “သင်​တို့​ကြား​ရ​သည့်​အ​ရာ​ကို သ​တိ​ပြု​ကြ​လော့။ သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်။ ထို့​ပြင် သင်​တို့​အ​တွက် ထပ်​၍​ဖြည့်​ပေး​ကြ​လိမ့်​မည်။

25. အ​ကြောင်း​မှာ ရှိ​သော​သူ​အား ထပ်​၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ​သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

26. တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မြေ​ပေါ်​၌ လူ​တစ်​ဦး​မျိုး​စေ့​ကြဲ​သည်​နှင့်​တူ​၏။

27. သူ​သည် ည​အ​ချိန်​နှင့်​နေ့​အ​ချိန်​၌ အိပ်​လျက်​ထ​လျက်​နေ​စဉ် မျိုး​စေ့​သည် အ​ညှောက်​ထွက်​၍ ကြီး​ထွား​လာ​၏။ ၎င်း​သည် မည်​ကဲ့​သို့​ကြီး​ထွား​လာ​သည်​ကို ထို​သူ​မ​သိ။

28. မြေ​ကြီး​သည် အ​လို​အ​လျောက်​အ​သီး​သီး​စေ​လျက် ဦး​စွာ အ​ပင်၊ ထို့​နောက် အ​နှံ၊ ထို​မှ​တစ်​ဆင့် အ​နှံ​ထဲ​တွင် အောင်​သော​အ​ဆန်​ကို​ဖြစ်​စေ​၏။