Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 3:21-27 Myanmar Standard Bible (MSB)

21. ကိုယ်​တော်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​ကြား​လျှင် ကိုယ်​တော်​ကို​ထိန်း​ချုပ်​ရန် ထွက်​လာ​ကြ​၏။ အ​ကြောင်း​မှာ “သူ​သည် စိတ်​ဖောက်​ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

22. ဂျေ​ရု​ဆ​လင်​မြို့​မှ​ဆင်း​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း “သူ့​ကို ဗေ​လ​ဇေ​ဗု​လ​နတ်​ပူး​နေ​သည်”​ဟူ​၍​လည်း​ကောင်း၊ “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ​ကို​အ​မှီ​ပြု​လျက် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​၏။

23. ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥ​ပ​မာ​များ​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ “စာ​တန်​သည် စာ​တန်​ကို မည်​ကဲ့​သို့​နှင်​ထုတ်​နိုင်​မည်​နည်း။

24. နိုင်​ငံ​တစ်​နိုင်​ငံ​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် ထို​နိုင်​ငံ​သည် မ​တည်​မြဲ​နိုင်​ရာ။

25. အိမ်​ထောင်​စု​တစ်​စု​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် ထို​အိမ်​ထောင်​စု​သည် မ​တည်​မြဲ​နိုင်​ရာ။

26. ထို​နည်း​တူ စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ပုန်​ကန်​လျက် ကွဲ​ပြား​နေ​လျှင် သူ​သည်​မ​တည်​မြဲ​နိုင်​ဘဲ ဆုံး​ခန်း​သို့​ရောက်​လိမ့်​မည်။

27. ခွန်​အား​ကြီး​သော​သူ​ကို ဦး​စွာ​မ​ချည်​နှောင်​လျှင် မည်​သူ​မျှ သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​လု​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ သူ​၏​အိမ်​ကို ဖောက်​ထွင်း​လု​ယူ​နိုင်​လိမ့်​မည်။