Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 3:1-9 Myanmar Standard Bible (MSB)

1. ကိုယ်​တော်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့ တစ်​ဖန်​ဝင်​တော်​မူ​ရာ ထို​နေ​ရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။

2. လူ​တို့​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​နိုင်​ရန်​အ​တွက် ဥ​ပုသ်​နေ့​၌ ထို​သူ​အား အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​မည်​မ​ဖြစ်​စေ​မည်​ကို စောင့်​ကြည့်​နေ​ကြ​၏။

3. ကိုယ်​တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား “အား​လုံး​ရှေ့​၌​မတ်​တတ်​ရပ်​လော့”​ဟု မိန့်​တော်​မူ​၏။

4. ထို့​နောက် လူ​တို့​အား “တ​ရား​တော်​အ​ရ ဥ​ပုသ်​နေ့​၌ ကောင်း​သော​အ​မှု​ကို​ပြု​အပ်​သ​လော သို့​မ​ဟုတ် ဆိုး​သော​အ​မှု​ကို​ပြု​အပ်​သ​လော။ အ​သက်​ကို​ကယ်​အပ်​သ​လော သို့​မ​ဟုတ် သတ်​အပ်​သ​လော”​ဟု မေး​တော်​မူ​၏။ သို့​သော် သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​၏။

5. ထို​အ​ခါ ကိုယ်​တော်​သည် အ​မျက်​တော်​ဖြင့် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​တော်​မူ​ပြီး သူ​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​မှု​အ​တွက် အ​လွန်​ဝမ်း​နည်း​၍ လက်​တစ်​ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​၏။

6. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​၍ ကိုယ်​တော်​ကို​လုပ်​ကြံ​နိုင်​မည့်​အ​ကြောင်း ဟေ​ရုဒ်​၏​လူ​များ​နှင့် ချက်​ချင်း​တိုင်​ပင်​ဆွေး​နွေး​ကြ​၏။

7. ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ပင်​လယ်​ဘက်​သို့​ထွက်​ခွာ​သွား​တော်​မူ​ရာ ဂါ​လိ​လဲ​နယ်​မှ လူ​အ​မြောက်​အ​မြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့​ပြင် ယု​ဒ​နယ်၊

8. ဂျေ​ရု​ဆ​လင်​မြို့၊ ဣ​ဒု​မဲ​နယ်၊ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ​စ​၍ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​ပတ်​ဝန်း​ကျင်​မှ လူ​အ​မြောက်​အ​မြား​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သ​မျှ​တို့​ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​လာ​ကြ​၏။

9. လူ​ထု​ပ​ရိ​သတ်​များ​ရှိ​နေ​သော​ကြောင့် ကိုယ်​တော်​သည် မိ​မိ​ကို လူ​တို့​မ​တိုး​ကြိတ်​မိ​စေ​ရန် လှေ​တစ်​စီး​ကို သူ့​အ​တွက်​အ​ဆင်​သင့်​ထား​ရှိ​မည့်​အ​ကြောင်း တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။