Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 16:9-18 Myanmar Standard Bible (MSB)

9. [ယေ​ရှု​သည် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့ နံ​နက်​စော​စော​အ​ချိန်​တွင် ထ​မြောက်​တော်​မူ​ပြီး​နောက် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​အား ပ​ထ​မ​ဦး​စွာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ထို​မာ​ရိ​ကား နတ်​ဆိုး​ခု​နစ်​ကောင်​ကို သူ့​ထံ​မှ ကိုယ်​တော်​နှင်​ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။

10. မာ​ရိ​သည်​လည်း ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ငို​ကြွေး​နေ​ကြ​သော ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ခဲ့​သူ​များ​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​ပြော​ပြ​လေ​၏။

11. သို့​သော် ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​ကြောင်း​နှင့် ကိုယ်​တော်​ကို မာ​ရိ​တွေ့​မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သော​အ​ခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။

12. ထို့​နောက် သူ​တို့​ထဲ​မှ​နှစ်​ဦး​သည် တော​ရွာ​သို့​လမ်း​လျှောက်​၍ ခ​ရီး​သွား​ကြ​စဉ် ကိုယ်​တော်​သည် ခြား​နား​သော​အ​သွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။

13. ထို​သူ​နှစ်​ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြော​ပြ​ကြ​၏။ သို့​သော် ထို​သ​တင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။

14. ထို့​နောက် ကိုယ်​တော်​သည် စား​ပွဲ​၌​ထိုင်​နေ​သော​တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ပါး​တို့​အား ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၍ ထ​မြောက်​တော်​မူ​သော​ကိုယ်​တော်​အား တွေ့​မြင်​သော​သူ​တို့​၏​စ​ကား​ကို သူ​တို့​မ​ယုံ​ကြ​သော​ကြောင့် သူ​တို့​၏​မ​ယုံ​ကြည်​မှု​နှင့် စိတ်​နှ​လုံး​မာ​ကျော​မှု​တို့​ကို ပြစ်​တင်​ဆုံး​မ​တော်​မူ​၏။

15. ထို့​နောက် ကိုယ်​တော်​က “ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​သွား​၍ ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​အား ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ကြ​လော့။

16. ယုံ​ကြည်​၍ ဗတ္တိ​ဇံ​ခံ​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

17. ယုံ​ကြည်​သော​သူ​တို့​နှင့်​အ​တူ ယှဉ်​တွဲ​လျက်​ရှိ​ကြ​မည့်​နိ​မိတ်​လက္ခ​ဏာ​များ​ဟူ​မူ​ကား သူ​တို့​သည် ငါ​၏​နာ​မ​ဖြင့် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​ကြ​လိမ့်​မည်။ အ​သစ်​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော​ကြ​လိမ့်​မည်။

18. သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်​မည်။ သေ​စေ​တတ်​သော​အ​ဆိပ်​တစ်​စုံ​တစ်​ခု​ကို​သောက်​မိ​သော်​လည်း သူ​တို့​ကို လုံး​ဝ​အန္တ​ရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်း​မာ​သော​သူ​တို့​အ​ပေါ်​လက်​တင်​သော​အ​ခါ ထို​သူ​တို့​သည် ကျန်း​မာ​လာ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။