Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 16:18-20 Myanmar Standard Bible (MSB)

18. သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်​မည်။ သေ​စေ​တတ်​သော​အ​ဆိပ်​တစ်​စုံ​တစ်​ခု​ကို​သောက်​မိ​သော်​လည်း သူ​တို့​ကို လုံး​ဝ​အန္တ​ရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်း​မာ​သော​သူ​တို့​အ​ပေါ်​လက်​တင်​သော​အ​ခါ ထို​သူ​တို့​သည် ကျန်း​မာ​လာ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19. သ​ခင်​ယေ​ရှု​သည် သူ​တို့​အား ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၍ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ထိုင်​တော်​မူ​၏။

20. ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍ နေ​ရာ​အ​နှံ့​တ​ရား​ဟော​ကြ​၏။ သ​ခင်​ဘု​ရား​သည်​လည်း သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​တော်​မူ​၍ နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပူး​တွဲ​ပါ​ဝင်​စေ​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။]