10. မာရိသည်လည်း ဝမ်းနည်းကြေကွဲလျက်ငိုကြွေးနေကြသော ကိုယ်တော်နှင့်အတူရှိခဲ့သူများထံသို့သွား၍ ထိုအကြောင်းကိုပြောပြလေ၏။
11. သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။
12. ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။
13. ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။
14. ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
15. ထို့နောက် ကိုယ်တော်က “ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
16. ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
17. ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။
18. သူတို့လက်ဖြင့် မြွေကိုဖမ်းကိုင်ကြလိမ့်မည်။ သေစေတတ်သောအဆိပ်တစ်စုံတစ်ခုကိုသောက်မိသော်လည်း သူတို့ကို လုံးဝအန္တရာယ်ဖြစ်စေမည်မဟုတ်။ မကျန်းမာသောသူတို့အပေါ်လက်တင်သောအခါ ထိုသူတို့သည် ကျန်းမာလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
19. သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
20. ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ နေရာအနှံ့တရားဟောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍ နိမိတ်လက္ခဏာများကိုပူးတွဲပါဝင်စေခြင်းအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်မြဲစေတော်မူ၏။]