Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 16:1-4 Myanmar Standard Bible (MSB)

1. ဥ​ပုသ်​နေ့​လွန်​ပြီး​နောက် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​၏​မိ​ခင်​မာ​ရိ​နှင့် ဆ​လို​မေ​တို့​သည် အ​လောင်း​တော်​ကို သွား​၍​လိမ်း​ရန် အ​မွှေး​နံ့​သာ​ကို ဝယ်​ယူ​ကြ​၏။

2. ထို့​နောက် ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့၊ နံ​နက်​စော​စော နေ​ထွက်​ချိန်​၌ သူ​တို့​သည် သင်္ချိုင်း​တော်​သို့​ရောက်​လာ​ကြ​၏။

3. သူ​တို့​က “ငါ​တို့​အ​တွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး​ကို မည်​သူ​လှိမ့်​ဖယ်​ပေး​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4. သို့​သော် သူ​တို့​မျှော်​ကြည့်​ကြ​သော​အ​ခါ ကျောက်​တုံး​အား လှိမ့်​ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်​တုံး​ကား အ​လွန်​ကြီး​မား​လှ​၏။