Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:24-38 Myanmar Standard Bible (MSB)

24. ထို​အ​ခါ သူ​တို့​သည် ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​အား မည်​သူ​က မည်​သည့်​အ​ဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲ​ဝေ​ကြ​၏။

25. ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။

26. ကိုယ်​တော်​အ​ပေါ်​တင်​သော​စွဲ​ချက်​ကို​ရေး​ထား​သည့်​ကမ္ပည်း​စာ​မှာ “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်”​ဟူ​၍​ဖြစ်​၏။

27. ဓား​ပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်​တော်​နှင့်​အ​တူ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။

28. [ဤ​သို့​ဖြင့် “သူ​သည် တ​ရား​မဲ့​သော​သူ​တို့​၏​စာ​ရင်း​တွင်​ထည့်​သွင်း​ခြင်း​ခံ​ရ​၏”​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ​၏။ ]

29. ဖြတ်​သန်း​သွား​လာ​သော​သူ​တို့​သည် မိ​မိ​တို့​ခေါင်း​ကို​ခါ​ယမ်း​လျက် “ဟေ့၊ ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည့်​သူ၊

30. လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​လာ​၍ သင့်​ကိုယ်​သင်​ကယ်​တင်​လော့”​ဟု ကိုယ်​တော်​ကို​စော်​ကား​ပြော​ဆို​ကြ​၏။

31. ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည်​လည်း ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်​အ​တူ ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ကာ “သူ​သည် သူ​တစ်​ပါး​တို့​ကို​ကယ်​တင်​ခဲ့​သော်​လည်း မိ​မိ​ကိုယ်​ကို​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။

32. ငါ​တို့​တွေ့​မြင်​၍ ယုံ​ကြည်​နိုင်​ရန် အစ္စ​ရေး​ဘု​ရင်​ဖြစ်​သော​ခ​ရစ်​တော်​သည် ယ​ခု​ပင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ ဆင်း​လာ​ပါ​စေ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ကိုယ်​တော်​ကို​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။

33. မွန်း​တည့်​ချိန်​ရောက်​သော​အ​ခါ မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လာ​၍ မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် ထို​သို့​ဖြစ်​လေ​၏။

34. မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​တွင် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗ​ခ​သာ​နိ”​ဟု အော်​ဟစ်​တော်​မူ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ “အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့်​စွန့်​ပစ်​တော်​မူ​သ​နည်း”​ဟူ​၍​ဖြစ်​၏။

35. အ​နီး​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။

36. ထို​အ​ခါ လူ​တစ်​ဦး​သည်​ပြေး​သွား​၍ ရေ​မြှုပ်​ကို ဝိုင်​ချဉ်​နှင့်​ပြည့်​စေ​ပြီး​လျှင် ကျူ​ရိုး​ပေါ်​တပ်​လျက် ကိုယ်​တော်​အား​သောက်​စေ​ကာ “ရှိ​ပါ​လေ​စေ။ ဧ​လိ​ယ​သည် သူ့​ကို အောက်​သို့​ချ​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။

37. ထို့​နောက် ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

38. ထို​အ​ခါ ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။