Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 15:1-9 Myanmar Standard Bible (MSB)

1. နံ​နက်​စော​စော​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​သည် သက်​ကြီး​ဝါ​ကြီး​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​မှ​စ​၍ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အား​လုံး​နှင့်​အ​တူ ချက်​ချင်း​တိုင်​ပင်​ဆွေး​နွေး​ကြ​ပြီး​လျှင် ယေ​ရှု​ကို​ချည်​နှောင်​လျက်​ခေါ်​ဆောင်​သွား​ကာ ပိ​လတ်​မင်း​ထံ​အပ်​နှံ​ကြ​၏။

2. ထို​အ​ခါ ပိ​လတ်​မင်း​က “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု ကိုယ်​တော်​အား မေး​လေ​၏။ ကိုယ်​တော်​က​လည်း “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

3. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ကိုယ်​တော်​ကို အ​မျိုး​မျိုး​စွပ်​စွဲ​ကြ​၏။

4. တစ်​ဖန် ပိ​လတ်​မင်း​သည် ကိုယ်​တော်​အား “သင်​သည် တစ်​စုံ​တစ်​ခု​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ သင့်​ကို​မည်​မျှ​လောက်​စွပ်​စွဲ​နေ​ကြ​သည်​ကို​ကြည့်​ပါ”​ဟု ဆို​၏။

5. သို့​သော် ယေ​ရှု​သည် နောက်​ထပ် မည်​သည့်​အ​ရာ​ကို​မျှ ပြန်​၍ မိန့်​တော်​မ​မူ​ဘဲ​နေ​သ​ဖြင့် ပိ​လတ်​မင်း​သည် အံ့​ဩ​လေ​၏။

6. ပိ​လတ်​မင်း​သည် ပွဲ​တော်​ကျ​ရောက်​တိုင်း လူ​တို့​တောင်း​ဆို​သည့်​အ​ကျဉ်း​သား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။

7. ထို​အ​ချိန်​တွင် ဆူ​ပူ​အုံ​ကြွ​မှု​ဖြစ်​စဉ်​က လူ​သတ်​မှု​ကျူး​လွန်​သ​ဖြင့် ဆူ​ပူ​အုံ​ကြွ​သူ​များ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သည့် ဗာ​ရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။

8. လူ​ထု​ပ​ရိ​သတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​အ​တွက်​ဆောင်​ရွက်​ပေး​ရန် တောင်း​ဆို​ကြ​၏။

9. ပိ​လတ်​မင်း​က​လည်း “သင်​တို့​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။