Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:7-16 Myanmar Standard Bible (MSB)

7. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​၌ အ​စဉ်​ရှိ​ကြ​သည်​ဖြစ်​၍ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ သူ​တို့​ကို​ကျေး​ဇူး​ပြု​နိုင်​၏။ ငါ​မူ​ကား သင်​တို့​၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။

8. သူ​သည် တတ်​နိုင်​သ​မျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အ​မှု​အ​တွက် ငါ​၏​ကိုယ်​ခန္ဓာ​ကို ကြို​တင်​၍​ဆီ​မွှေး​လိမ်း​ပြီ။

9. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သည့်​နေ​ရာ​တိုင်း​၌ ဤ​အ​မျိုး​သ​မီး​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​လည်း သူ​၏​အ​မှတ်​တ​ရ​အ​ဖြစ် ပြော​ကြား​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

10. ထို့​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ​တစ်​ပါး​ဖြစ်​သော ယု​ဒ​ဣ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​လက်​သို့ ကိုယ်​တော်​ကို​အပ်​နှံ​ရန် သူ​တို့​ထံ​သို့​သွား​လေ​၏။

11. သူ​တို့​သည်​ကြား​လျှင် ဝမ်း​မြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု က​တိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်​လျော်​သော​အ​ချိန်​၌ ကိုယ်​တော်​ကို​အပ်​နှံ​နိုင်​ရန် နည်း​လမ်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

12. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​တွင် တ​ပည့်​တော်​တို့​က “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​သို့​သွား​၍ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

13. ကိုယ်​တော်​က​လည်း တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍ “မြို့​ထဲ​သို့​သွား​ကြ​လော့။ ထို​အ​ခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး

14. သူ​ဝင်​သွား​သော​အိမ်​၏​အိမ်​ရှင်​အား ‘ဆ​ရာ​က ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​စား​မည့် ငါ့​အ​ခန်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ​၍ ပြော​ကြ​လော့။

15. ထို​အ​ခါ သူ​သည် အ​သင့်​ခင်း​ကျင်း​ထား​သော​အ​ပေါ်​ထပ်​ခန်း​မ​ကို သင်​တို့​အား ပြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငါ​တို့​အ​တွက် ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား​၍ မြို့​ထဲ​သို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​တွေ့​သ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို ပြင်​ဆင်​ကြ​၏။