Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:56-62 Myanmar Standard Bible (MSB)

56. အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ကြ​သော်​လည်း သူ​တို့​၏​သက်​သေ​ခံ​ချက်​များ​သည် ကိုက်​ညီ​မှု​မ​ရှိ​ကြ​ပေ။

57. ထို​အ​ခါ လူ​အ​ချို့​တို့​သည်​ထ​၍ ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​လျက်

58. “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်​ဆောက်​သော အ​ခြား​ဗိ​မာန်​တော်​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်’​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

59. သို့​သော် သူ​တို့​၏​သက်​သေ​ခံ​ချက်​သည်​လည်း အ​လား​တူ​ပင်​ကိုက်​ညီ​မှု​မ​ရှိ​ပေ။

60. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သူ​တို့​ရှေ့​၌​ထ​၍ “သင်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ဘဲ​နေ​သ​လော။ ဤ​သူ​တို့​သည် သင့်​တစ်​ဖက်​၌ သက်​သေ​ခံ​ကြ​သည်​မှာ မည်​သို့​နည်း”​ဟု ယေ​ရှု​အား​မေး​လေ​၏။

61. သို့​သော် ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​မ​ဖြေ​ကြား​ဘဲ တိတ်​ဆိတ်​စွာ​နေ​တော်​မူ​၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က “သင်​သည် မင်္ဂ​လာ​ရှိ​သော​အ​ရှင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​သ​လော”​ဟု မေး​လေ​၏။

62. ယေ​ရှု​က​လည်း “ငါ​ဖြစ်​၏။ လူ့​သား​သည် တန်​ခိုး​တော်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက် ကောင်း​ကင်​မိုး​တိမ်​များ​ဖြင့်​ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။