Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:49-56 Myanmar Standard Bible (MSB)

49. ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ဗိ​မာန်​တော်​၌​သွန်​သင်​နေ​ခဲ့​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်း​ဆီး​ကြ။ သို့​သော် ဤ​သို့​ဖြစ်​ခြင်း​မှာ ကျမ်း​စာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း”​ဟု မိန့်​တော်​မူ​၏။

50. ထို​အ​ခါ တ​ပည့်​တော်​အား​လုံး​သည် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​ပြေး​ကြ​၏။

51. လူ​ငယ်​တစ်​ဦး​သည် မိ​မိ​ကိုယ်​ပေါ်​တွင် ပိတ်​ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်း​ဆီး​ကြ​၏။

52. သို့​သော် သူ​သည် ပိတ်​ချော​ထည်​ကို​ထား​ခဲ့​၍ အ​ဝတ်​မ​ပါ​ဘဲ​ထွက်​ပြေး​သွား​လေ​၏။

53. ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ခေါ်​ဆောင်​သွား​ကြ​ရာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​များ​ရှိ​သ​မျှ​သည် စု​ဝေး​လာ​ကြ​၏။

54. ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​တွင်း​ထဲ​အ​ထိ ကိုယ်​တော့်​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

55. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ရပ်​လုံး​သည် ယေ​ရှု​ကို​သေ​ဒဏ်​ချ​မှတ်​နိုင်​ရန် ကိုယ်​တော်​၏​ပြစ်​မှု​ကို​ထင်​ရှား​စေ​မည့် သက်​သေ​ကို​ရှာ​ကြ​သော်​လည်း မ​တွေ့​ကြ။

56. အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ကိုယ်​တော်​၏​တစ်​ဖက်​၌ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ကြ​သော်​လည်း သူ​တို့​၏​သက်​သေ​ခံ​ချက်​များ​သည် ကိုက်​ညီ​မှု​မ​ရှိ​ကြ​ပေ။