Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:43-54 Myanmar Standard Bible (MSB)

43. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သော​ယု​ဒ​သည် ရောက်​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က​စေ​လွှတ်​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​လည်း တုတ်၊ ဓား များ​ကိုင်​ဆောင်​လျက် သူ​နှင့်​အ​တူ​ပါ​လာ​၏။

44. ကိုယ်​တော်​ကို​အပ်​နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍ လုံ​ခြုံ​စွာ​ခေါ်​ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အ​ချက်​ပြ​အ​မှတ်​အ​သား​ကို သူ​တို့​အား​ပေး​ထား​၏။

45. ထို့​ကြောင့် သူ​သည် ရောက်​လာ​သည်​နှင့် ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​ချဉ်း​ကပ်​၍ “ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်​တော်​ကို​နမ်း​လေ​၏။

46. ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင်​ထား​ကြ​၏။

47. ထို​စဉ် အ​နီး​၌​ရပ်​နေ​သော​သူ​တို့​ထဲ​မှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ထို​သူ​၏​နား​ရွက်​ပြတ်​သွား​လေ​၏။

48. ယေ​ရှု​က ထို​သူ​တို့​အား “သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ တုတ်၊ ဓား​များ​ကိုင်​ဆောင်​လျက် ငါ့​ကို​ဖမ်း​ဆီး​ရန်​လာ​ကြ​သ​လော။

49. ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ဗိ​မာန်​တော်​၌​သွန်​သင်​နေ​ခဲ့​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်း​ဆီး​ကြ။ သို့​သော် ဤ​သို့​ဖြစ်​ခြင်း​မှာ ကျမ်း​စာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း”​ဟု မိန့်​တော်​မူ​၏။

50. ထို​အ​ခါ တ​ပည့်​တော်​အား​လုံး​သည် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​ပြေး​ကြ​၏။

51. လူ​ငယ်​တစ်​ဦး​သည် မိ​မိ​ကိုယ်​ပေါ်​တွင် ပိတ်​ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်း​ဆီး​ကြ​၏။

52. သို့​သော် သူ​သည် ပိတ်​ချော​ထည်​ကို​ထား​ခဲ့​၍ အ​ဝတ်​မ​ပါ​ဘဲ​ထွက်​ပြေး​သွား​လေ​၏။

53. ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ခေါ်​ဆောင်​သွား​ကြ​ရာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့်​ကျမ်း​ပြု​ဆ​ရာ​များ​ရှိ​သ​မျှ​သည် စု​ဝေး​လာ​ကြ​၏။

54. ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​အ​တွင်း​ထဲ​အ​ထိ ကိုယ်​တော့်​နောက်​သို့ မ​လှမ်း​မ​ကမ်း​မှ​လိုက်​သွား​ကာ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက် မီး​လှုံ​နေ​၏။