Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 14:12-23 Myanmar Standard Bible (MSB)

12. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​၏​ပ​ထ​မ​နေ့​တည်း​ဟူ​သော ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​ကို​ပူ​ဇော်​ရ​သော​နေ့​တွင် တ​ပည့်​တော်​တို့​က “ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​သုံး​ဆောင်​ရန် အ​ကျွန်ုပ်​တို့​အား မည်​သည့်​နေ​ရာ​သို့​သွား​၍ ပြင်​ဆင်​စေ​လို​ပါ​သ​နည်း”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

13. ကိုယ်​တော်​က​လည်း တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍ “မြို့​ထဲ​သို့​သွား​ကြ​လော့။ ထို​အ​ခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး

14. သူ​ဝင်​သွား​သော​အိမ်​၏​အိမ်​ရှင်​အား ‘ဆ​ရာ​က ငါ​၏​တ​ပည့်​များ​နှင့်​အ​တူ ပ​သ​ခါ​ပွဲ​တော်​ည​စာ​ကို​စား​မည့် ငါ့​အ​ခန်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ​၍ ပြော​ကြ​လော့။

15. ထို​အ​ခါ သူ​သည် အ​သင့်​ခင်း​ကျင်း​ထား​သော​အ​ပေါ်​ထပ်​ခန်း​မ​ကို သင်​တို့​အား ပြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငါ​တို့​အ​တွက် ပြင်​ဆင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

16. တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား​၍ မြို့​ထဲ​သို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​တွေ့​သ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို ပြင်​ဆင်​ကြ​၏။

17. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​၏။

18. ထို့​နောက် သူ​တို့​သည် စား​ပွဲ​၌​ထိုင်​လျက် စား​သောက်​နေ​ကြ​စဉ် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ငါ​နှင့်​အ​တူ​စား​နေ​သော သင်​တို့​အ​ထဲ​မှ​တစ်​ဦး​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19. သူ​တို့​သည် စိတ်​မ​ကောင်း​ဖြစ်​လျက် “အ​ကျွန်ုပ်​လော”​ဟု ကိုယ်​တော်​အား တစ်​ယောက်​ပြီး​တစ်​ယောက်​မေး​လျှောက်​ကြ​၏။

20. ကိုယ်​တော်​က​လည်း “တစ်​ဆယ့်​နှစ်​ပါး​သော​သူ​တို့​ထဲ​မှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​တစ်​ပန်း​ကန်​ထဲ​တွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။

21. လူ့​သား​သည် မိ​မိ​နှင့်​ပတ်​သက်​၍​ရေး​ထား​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏။ ထို​သူ​သည် မ​မွေး​ဖွား​လာ​ခဲ့​လျှင် သူ့​အ​တွက် သာ​၍​ကောင်း​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

22. ထို့​နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23. ခွက်​ကို​လည်း​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ​ရာ သူ​တို့​အား​လုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။