Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 13:33-36 Myanmar Standard Bible (MSB)

33. သ​တိ​ပြု​၍​နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​အ​ချိန်​သည် မည်​သည့်​အ​ခါ​၌​ကျ​ရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။

34. ဤ​သည်​ကား ခ​ရီး​ထွက်​မည့်​လူ​တစ်​ဦး​သည် မိ​မိ​အိမ်​မှ​ထွက်​ခွာ​ရာ​တွင် မိ​မိ​အ​စေ​အ​ပါး​အ​သီး​သီး​တို့​အား သူ​တို့​လုပ်​ဆောင်​ရ​မည့်​အ​မှု​နှင့်​တ​ကွ အ​ခွင့်​အာ​ဏာ​ကို​ပေး​၍ တံ​ခါး​မှူး​ကို​လည်း သ​တိ​နှင့်​စောင့်​နေ​ရန် မှာ​ကြား​သည်​နှင့်​တူ​၏။

35. သို့​ဖြစ်​၍ အိမ်​ရှင်​သည် မှောင်​ရီ​ပျိုး​စ​ချိန်၊ သို့​မ​ဟုတ် သန်း​ခေါင်​အ​ချိန်၊ သို့​မ​ဟုတ် ကြက်​ဦး​တွန်​ချိန်၊ သို့​မ​ဟုတ် နံ​နက်​စော​စော​အ​ချိန်​တို့​ထဲ​မှ မည်​သည့်​အ​ချိန်​၌​ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

36. သို့​မ​ဟုတ်​လျှင် သူ​သည်​ရုတ်​တ​ရက်​ပြန်​လာ​၍ သင်​တို့​အိပ်​ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်​မည်။