Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 13:23-35 Myanmar Standard Bible (MSB)

23. သို့​ဖြစ်​၍ သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

24. သို့​သော် ထို​နေ့​ရက်​တို့​၌ ထို​ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​ပြီး​နောက် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်​မည်။

25. ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

26. ထို​အ​ခါ လူ့​သား​သည် ကြီး​မား​သော​တန်​ခိုး​နှင့် ဘုန်း​အ​သ​ရေ​တို့​ဖြင့် မိုး​တိမ်​များ​စီး​လျက်​ကြွ​လာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်​မည်။

27. ထို့​နောက် လူ့​သား​သည် ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​၍ မိ​မိ​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ မိုး​ကောင်း​ကင်​အ​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​လိမ့်​မည်။

28. သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည် နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

29. ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​များ​ဖြစ်​ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

30. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​များ​အား​လုံး​မ​ဖြစ်​ပျက်​မီ ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

31. ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွားလိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ​ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

32. သို့​သော် ထို​နေ့​ရက် သို့​မ​ဟုတ် ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

33. သ​တိ​ပြု​၍​နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား ထို​အ​ချိန်​သည် မည်​သည့်​အ​ခါ​၌​ကျ​ရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။

34. ဤ​သည်​ကား ခ​ရီး​ထွက်​မည့်​လူ​တစ်​ဦး​သည် မိ​မိ​အိမ်​မှ​ထွက်​ခွာ​ရာ​တွင် မိ​မိ​အ​စေ​အ​ပါး​အ​သီး​သီး​တို့​အား သူ​တို့​လုပ်​ဆောင်​ရ​မည့်​အ​မှု​နှင့်​တ​ကွ အ​ခွင့်​အာ​ဏာ​ကို​ပေး​၍ တံ​ခါး​မှူး​ကို​လည်း သ​တိ​နှင့်​စောင့်​နေ​ရန် မှာ​ကြား​သည်​နှင့်​တူ​၏။

35. သို့​ဖြစ်​၍ အိမ်​ရှင်​သည် မှောင်​ရီ​ပျိုး​စ​ချိန်၊ သို့​မ​ဟုတ် သန်း​ခေါင်​အ​ချိန်၊ သို့​မ​ဟုတ် ကြက်​ဦး​တွန်​ချိန်၊ သို့​မ​ဟုတ် နံ​နက်​စော​စော​အ​ချိန်​တို့​ထဲ​မှ မည်​သည့်​အ​ချိန်​၌​ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။