Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 13:11-22 Myanmar Standard Bible (MSB)

11. လူ​တို့​သည် သင်​တို့​ကို​ခေါ်​ဆောင်​သွား​၍ အပ်​နှံ​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို​ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ ကြို​တင်​စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အ​ချိန်​နာ​ရီ​၌ သင်​တို့​အား ဖော်​ပြ​တော်​မူ​သော​အ​ရာ​ကို​သာ ပြော​ဆို​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ပြော​ဆို​သော​သူ​မှာ သင်​တို့​ကိုယ်​တိုင်​မ​ဟုတ်​ဘဲ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြစ်​၏။

12. ညီ​အစ်​ကို​ချင်း တစ်​ဦး​က တစ်​ဦး​ကို​လည်း​ကောင်း၊ အ​ဖ​သည် သား​သ​မီး​ကို​လည်း​ကောင်း သေ​ခြင်း​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​များ​ကို ဆန့်​ကျင်​ပုန်​ကန်​၍ သူ​တို့​ကို​သေ​စေ​ရန်​ပြု​ကြ​လိမ့်​မည်။

13. လူ​အ​ပေါင်း​တို့​သည်​လည်း ငါ့​နာ​မ​ကြောင့် သင်​တို့​ကို​မုန်း​တီး​ကြ​လိမ့်​မည်။ သို့​သော် အ​ဆုံး​တိုင်​အောင် တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

14. ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နှင့်​ဆိုင်​သော​ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​ရပ်​သင့်​သော​နေ​ရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သော​အ​ခါ (ဖတ်​သော​သူ​နား​လည်​ပါ​စေ) ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့​ထွက်​ပြေး​ကြ​စေ။

15. လေ​သာ​ဆောင်​ပေါ်​၌​ရှိ​သော​သူ​သည် အောက်​သို့​မ​ဆင်း​စေ​နှင့်။ မိ​မိ​အိမ်​ထဲ​မှ တစ်​စုံ​တစ်​ခု​ကို​ယူ​ရန် အိမ်​ထဲ​သို့​လည်း​မ​ဝင်​စေ​နှင့်။

16. လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

17. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

18. ထို​နေ့​ရက်​တို့​သည် ဆောင်း​ရာ​သီ​၌ မ​ကျ​ရောက်​စေ​ရန် ဆု​တောင်း​ကြ​လော့။

19. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သည့် ဖန်​ဆင်း​ခံ​လော​က​၏​အ​စ​အ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌​ကျ​ရောက်​လိမ့်​မည်။

20. ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ကိုယ်​တော်​ရွေး​ကောက်​ထား​သည့် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​၏။

21. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’​သို့​မ​ဟုတ် ‘ကြည့်​လော့။ ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

22. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင်​လှည့်​ဖြား​ရန် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။