1. ယေရှုသည် ဗိမာန်တော်မှထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့ထဲမှ တစ်ပါးက “ဆရာ၊ ကြည့်ပါ။ အလွန်ကြီးမားသောကျောက်တုံးများနှင့် အလွန်ထည်ဝါသောအဆောက်အအုံများပါတကား”ဟု လျှောက်လေ၏။
2. ယေရှုကလည်း “ဤကြီးမားသောအဆောက်အအုံများကို သင်မြင်သည်မဟုတ်လော။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု ထိုသူအား မိန့်တော်မူ၏။
3. ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့က