Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 13:1-11 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား​တော်​မူ​စဉ် တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​က “ဆ​ရာ၊ ကြည့်​ပါ။ အ​လွန်​ကြီး​မား​သော​ကျောက်​တုံး​များ​နှင့် အ​လွန်​ထည်​ဝါ​သော​အ​ဆောက်​အ​အုံ​များ​ပါ​တ​ကား”​ဟု လျှောက်​လေ​၏။

2. ယေ​ရှု​က​လည်း “ဤ​ကြီး​မား​သော​အ​ဆောက်​အ​အုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေ​ရာ​၌ ကျောက်​တုံး​တစ်​တုံး​သည် ဖြို​ချ​မ​ခံ​ရ​ဘဲ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌ ကျန်​ရစ်​ခဲ့​သည်​ဟူ​၍ လုံး​ဝ​ရှိ​လိမ့်​မည်​မ​ဟုတ်”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

3. ထို့​နောက် ကိုယ်​တော်​သည် သံ​လွင်​တောင်​ပေါ်​၌ ဗိ​မာန်​တော်​ဘက်​သို့​မျက်​နှာ​မူ​လျက် ထိုင်​နေ​တော်​မူ​စဉ် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့် အန္ဒြေ​တို့​က

4. “ထို​အ​ရာ​များ​သည် မည်​သည့်​အ​ချိန်​၌ ဖြစ်​ပျက်​မည်​ကို​လည်း​ကောင်း၊ ထို​အ​ရာ​အား​လုံး​ပြည့်​စုံ​တော့​မည့်​အ​ချိန်​တွင် မည်​သည့်​အ​တိတ်​နိ​မိတ်​ဖြစ်​ပေါ်​မည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​ကို တိတ်​တ​ဆိတ်​မေး​လျှောက်​ကြ​၏။

5. ယေ​ရှု​က​လည်း “မည်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​ရန် သ​တိ​ပြု​ကြ​လော့။

6. များ​စွာ​သော​သူ​တို့​သည် ငါ​၏​နာ​မ​ကို​ခံ​ယူ​သုံး​စွဲ​၍ ရောက်​လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

7. သင်​တို့​သည် စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို ကြား​ရ​သော​အ​ခါ စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အ​ရာ​များ​သည် ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

8. လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ င​လျင်​လှုပ်​ခြင်း​နှင့် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။ ဤ​အ​ရာ​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9. သင်​တို့​ကိုယ်​တိုင်​လည်း သ​တိ​ပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တ​ရား​ရုံး​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သင်​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ရိုက်​နှက်​ခြင်း​ခံ​ရ​ကြ​ပြီး ဘု​ရင်​ခံ​များ​နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အ​တွက်​သက်​သေ​ဖြစ်​ကြ​လိမ့်​မည်။

10. ကောင်း​မြတ်​သော​သ​တင်း​ကို​လည်း လူ​မျိုး​တ​ကာ​တို့​အား ဦး​စွာ​ဟော​ပြော​ရ​ကြ​မည်။

11. လူ​တို့​သည် သင်​တို့​ကို​ခေါ်​ဆောင်​သွား​၍ အပ်​နှံ​ကြ​သော​အ​ခါ မည်​သည့်​အ​ရာ​ကို​ပြော​ဆို​ရ​မည်​နည်း​ဟူ​၍ ကြို​တင်​စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အ​ချိန်​နာ​ရီ​၌ သင်​တို့​အား ဖော်​ပြ​တော်​မူ​သော​အ​ရာ​ကို​သာ ပြော​ဆို​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ပြော​ဆို​သော​သူ​မှာ သင်​တို့​ကိုယ်​တိုင်​မ​ဟုတ်​ဘဲ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြစ်​၏။