Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 12:1-15 Myanmar Standard Bible (MSB)

1. ထို့​နောက် ယေ​ရှု​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​၍ ခြံ​စည်း​ရိုး​ခတ်​လျက် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်​စင်​ကို​ဆောက်​လေ​၏။ ထို့​နောက် ထို​ခြံ​ကို ခြံ​သ​မား​တို့​အား​ငှား​ရမ်း​၍ ခ​ရီး​ထွက်​လေ​၏။

2. အ​သီး​ပေါ်​ချိန်​ရောက်​သော​အ​ခါ ခြံ​သ​မား​တို့​ထံ​မှ စ​ပျစ်​ခြံ​ထွက်​အ​သီး​များ​ကို​ရ​ယူ​ရန် အ​စေ​အ​ပါး​တစ်​ဦး​ကို ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

3. ထို​အ​ခါ သူ​တို့​သည် ထို​အ​စေ​အ​ပါး​ကို ဖမ်း​ဆီး​၍​ရိုက်​နှက်​ကာ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​ကြ​၏။

4. နောက်​တစ်​ဖန် အ​ခြား​အ​စေ​အ​ပါး​တစ်​ဦး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ရာ ဦး​ခေါင်း​ကို​ရိုက်​၍ သူ့​ကို​အ​ရှက်​ခွဲ​ကြ​၏။

5. တစ်​ဖန် အ​ခြား​တစ်​ဦး​ကို စေ​လွှတ်​ပြန်​လျှင် သူ့​ကို​သတ်​ပစ်​ကြ​၏။ အ​ခြား​သော​သူ​များ​စွာ​တို့​ကို​စေ​လွှတ်​သော်​လည်း အ​ချို့​တို့​ကို​ရိုက်​နှက်​၍ အ​ချို့​တို့​ကို​သတ်​ပစ်​ကြ​၏။

6. သူ​၌​ချစ်​သော​သား​တစ်​ဦး​တည်း​ရှိ​တော့​၏။ ခြံ​ပိုင်​ရှင်​က ‘သူ​တို့​သည် ငါ့​သား​ကို​ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​လျက် နောက်​ဆုံး​တွင် ထို​သား​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​လေ​၏။

7. သို့​သော် ခြံ​သ​မား​တို့​က ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​ကြ​စို့။ သို့​ပြု​လျှင် အ​မွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်​လာ​လိမ့်​မည်’​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​လျက်

8. သူ့​ကို​ဖမ်း​ဆီး​၍ သတ်​ပြီး​လျှင် စ​ပျစ်​ခြံ​အ​ပြင်​သို့ ထုတ်​ပစ်​ကြ​၏။

9. သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​သည် မည်​သို့​ပြု​မည်​နည်း။ သူ​သည်​လာ​၍ ခြံ​သ​မား​တို့​ကို​အ​ဆုံး​စီ​ရင်​ကာ စ​ပျစ်​ခြံ​ကို အ​ခြား​သော​သူ​တို့​အား​ပေး​လိမ့်​မည်။

10. ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏။

11. ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​ဖြစ်​လာ​၍ ငါ​တို့​၏​မျက်​မှောက်​၌ အံ့​သြ​ဖွယ်​ဖြစ်​၏’​ဟူ​သော​ကျမ်း​ချက်​ကို မ​ဖတ်​ဖူး​ကြ​သ​လော”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ သူ​တို့​သည် ထို​ပုံ​ဥ​ပ​မာ​ကို မိ​မိ​တို့​အား​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော် လူ​ထု​ပ​ရိ​သတ်​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော်​ကို​ထား​ခဲ့​၍ ထွက်​သွား​ကြ​၏။

13. ထို့​နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် ကိုယ်​တော်​ကို​အ​ပြစ်​ရှာ​နိုင်​ရန် ဖာ​ရိ​ရှဲ​နှင့်​ဟေ​ရုဒ်​၏​လူ​အ​ချို့​တို့​ကို အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။

14. သူ​တို့​သည်​လာ​၍ ကိုယ်​တော်​အား “ဆ​ရာ၊ ဆ​ရာ​သည် ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး မည်​သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဆ​ရာ​သည် လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ပါ​၏။ ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော။ အ​ကျွန်ုပ်​တို့​ဆက်​သ​သင့်​သ​လော သို့​မ​ဟုတ် မ​ဆက်​သ​သင့်​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

15. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် ငါ့​ကို​စမ်း​သပ်​ကြ​သ​နည်း။ ငါ​ကြည့်​ရန်​အ​တွက် ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။