Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 11:1-8 Myanmar Standard Bible (MSB)

1. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​နှင့်​နီး​ကပ်​လာ​၍ သံ​လွင်​တောင်​ခြေ​ရှိ ဗက်​ဖာ​ဂေ​ရွာ​နှင့်​ဗေ​သ​နိ​ရွာ​သို့ ရောက်​လာ​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ပါး​ကို​စေ​လွှတ်​၍

2. “သင်​တို့​ရှေ့​က​ရွာ​ထဲ​သို့ သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဖူး​သော မြည်း​က​လေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်​မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်​ဆောင်​လာ​ကြ​လော့။

3. တစ်​စုံ​တစ်​ယောက်​က ‘အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်။ ဤ​နေ​ရာ​သို့ ချက်​ချင်း​ပြန်​ပို့​ပေး​ပါ​လိမ့်​မည်’​ဟု ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

4. ထို့​ကြောင့် သူ​တို့​သည်​ထွက်​သွား​၍ လမ်း​ဘေး​အိမ်​တံ​ခါး​တွင်​ချည်​ထား​သော မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​သ​ဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။

5. ထို​အ​ခါ ထို​နေ​ရာ​၌​ရပ်​နေ​သော​သူ​အ​ချို့​တို့​က “မြည်း​က​လေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။

6. သူ​တို့​က​လည်း ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြန်​ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်​ပြု​ကြ​၏။

7. ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​အ​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်​တော်​သည် ထို​မြည်း​ကို​စီး​တော်​မူ​၏။

8. များ​စွာ​သော​လူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား ကွင်း​ပြင်​မှ​သစ်​ခက်​သစ်​ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။