Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:9-28 Myanmar Standard Bible (MSB)

9. ထို့​ကြောင့် ဘု​ရား​သ​ခင်​တွဲ​ဖက်​၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​က မ​ကွဲ​ကွာ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​သည် အိမ်​ထဲ​၌​ရှိ​စဉ် ဤ​အ​ကြောင်း​အ​ရာ​ကို ကိုယ်​တော်​အား ထပ်​မံ​မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် ထို​မိန်း​မ​နှင့်​အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

12. မ​ယား​သည်​လည်း မိ​မိ​၏​ခင်​ပွန်း​နှင့်​ကွာ​ရှင်း​၍ အ​ခြား​ယောက်ျား​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ ကိုယ်​တော်​တို့​ထိ​ပေး​တော်​မူ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။

14. ယေ​ရှု​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် အ​မျက်​တော်​ထွက်​၍ “က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ​ကြ​ပါ​လေ​စေ။ သူ​တို့​ကို​မ​တား​ဆီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။

15. သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို သူ​ငယ်​တစ်​ဦး​ကဲ့​သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်​ငံ​တော်​သို့ မည်​သည့်​အ​ခါ​မျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

16. ထို့​နောက် ကိုယ်​တော်​သည် က​လေး​သူ​ငယ်​တို့​ကို​ပွေ့​ချီ​၍ သူ​တို့​အ​ပေါ်​၌ လက်​တော်​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ​၏။

17. ကိုယ်​တော်​သည် လမ်း​၌​ကြွ​တော်​မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူး​ထောက်​ကာ “ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​အ​မွေ​ဆက်​ခံ​ရန် အ​ကျွန်ုပ်​သည် မည်​သည့်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း”​ဟု မေး​လျှောက်​လေ​၏။

18. ယေ​ရှု​က​လည်း “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

19. ‘လူ​မ​သတ်​ရ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​မ​ကျူး​လွန်​ရ၊ မ​ခိုး​ယူ​ရ၊ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ၊ လိမ်​ညာ​လု​ယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်​မူ​၏။

20. ထို​သူ​က​လည်း “ဆ​ရာ၊ အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​သည် ထို​သူ​ကို​စူး​စိုက်​ကြည့်​လျက် သူ့​အ​ပေါ်​မေတ္တာ​ထား​၍ “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို သွား​၍​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား​ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22. ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ညှိုး​ငယ်​၍ ဝမ်း​နည်း​လျက်​ထွက်​သွား​လေ​၏။

23. ထို​အ​ခါ ယေ​ရှု​သည် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​လျက် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

24. တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​အံ့​အား​သင့်​ကြ​၏။ သို့​သော် ယေ​ရှု​က “ချစ်​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု ထပ်​မံ​၍​မိန့်​တော်​မူ​၏။

26. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ပို​၍​ပင်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

27. ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက်​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ကြောင်း​မှာ ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။