Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:30-41 Myanmar Standard Bible (MSB)

30. ထို​သူ​သည် ယ​ခု​ဘ​ဝ​၌ အ​ဆ​တစ်​ရာ​သော​အ​ကျိုး​တည်း​ဟူ​သော အိမ်​များ၊ မြေ​ယာ​များ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ၊ အ​မိ​များ၊ သား​သ​မီး​များ​ကို ညှဉ်း​ဆဲ​ခြင်း​များ​နှင့်​တ​ကွ​ခံ​စား​ရ​လျက် နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​လိမ့်​မည်။

31. သို့​သော် အ​ဦး​ဆုံး​သော​သူ​များ​စွာ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​ပြီး နောက်​ဆုံး​သော​သူ​များ​စွာ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

32. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေ​ရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​အံ့​အား​သင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို တစ်​ဖန်​ခေါ်​လျက် မိ​မိ​၌​ဖြစ်​ပျက်​လာ​တော့​မည့်​အ​ရာ​များ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​၍

33. “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​ထံ အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည် သူ့​ကို​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ကြ​လိမ့်​မည်။

34. လူ​မျိုး​ခြား​တို့​သည် သူ့​ကို​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ပြီး ဒဏ်​ခတ်​ရိုက်​နှက်​ကာ​အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည်​ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ထို​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​တောင်း​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​တွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။

36. ကိုယ်​တော်​က​လည်း “သင်​တို့​အ​တွက် မည်​သည့်​အ​ရာ​ကို ပြု​စေ​လို​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

37. သူ​တို့​က “အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​၌ လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

38. သို့​သော် ယေ​ရှု​က “သင်​တို့​သည် မည်​သည့်​အ​ရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန် သို့​မ​ဟုတ် ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​နိုင်​ကြ​သ​လော”​ဟု မေး​တော်​မူ​လျှင်

39. သူ​တို့​က “အ​ကျွန်ုပ်​တို့​တတ်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေ​ရှု​က​လည်း “ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်​မည်။ ငါ​ခံ​မည့်​ဗတ္တိ​ဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်​မည်။

40. သို့​သော် ငါ​၏​လက်​ယာ​ဘက်​နှင့် လက်​ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေ​ရာ​သည် ပြင်​ဆင်​ပေး​ထား​သော​သူ​တို့​အ​တွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

41. ကျန်​တ​ပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အ​ကြောင်း​ကို​ကြား​သိ​လျှင် ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို စိတ်​ဆိုး​ကြ​၏။