Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:3-13 Myanmar Standard Bible (MSB)

3. ကိုယ်​တော်​က​လည်း “မော​ရှေ​သည် သင်​တို့​ကို မည်​ကဲ့​သို့​ပ​ညတ်​ထား​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

4. သူ​တို့​က “ဖြတ်​စာ​ကို​ရေး​၍ ကွာ​ရှင်း​ရန် မော​ရှေ​က ခွင့်​ပြု​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

5. ယေ​ရှု​က​လည်း “သင်​တို့​၏​စိတ်​နှ​လုံး​မာ​ကျော​သော​ကြောင့် သူ​သည် ဤ​ပ​ညတ်​ချက်​ကို သင်​တို့​အ​တွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။

6. သို့​သော် ဖန်​ဆင်း​ခြင်း​၏​အ​စ​အ​ဦး​က​ပင် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်း​မ​အ​ဖြစ် ဖန်​ဆင်း​တော်​မူ​၏။

7. ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​မိ​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖက်​သ​ဖြင့်

8. ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။

9. ထို့​ကြောင့် ဘု​ရား​သ​ခင်​တွဲ​ဖက်​၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​က မ​ကွဲ​ကွာ​စေ​နှင့်”​ဟု မိန့်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​သည် အိမ်​ထဲ​၌​ရှိ​စဉ် ဤ​အ​ကြောင်း​အ​ရာ​ကို ကိုယ်​တော်​အား ထပ်​မံ​မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က​လည်း “မိ​မိ​မ​ယား​ကို​ကွာ​ရှင်း​၍ အ​ခြား​မိန်း​မ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သော​သူ​သည် ထို​မိန်း​မ​နှင့်​အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏။

12. မ​ယား​သည်​လည်း မိ​မိ​၏​ခင်​ပွန်း​နှင့်​ကွာ​ရှင်း​၍ အ​ခြား​ယောက်ျား​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​၏”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ ကိုယ်​တော်​တို့​ထိ​ပေး​တော်​မူ​ရန် လူ​တို့​သည် က​လေး​သူ​ငယ်​များ​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် တ​ပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူ​ငေါက်​ကြ​၏။