Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:24-36 Myanmar Standard Bible (MSB)

24. တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​အံ့​အား​သင့်​ကြ​၏။ သို့​သော် ယေ​ရှု​က “ချစ်​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု ထပ်​မံ​၍​မိန့်​တော်​မူ​၏။

26. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ပို​၍​ပင်​အံ့​အား​သင့်​လျက် “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

27. ယေ​ရှု​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “ဤ​အ​ရာ​သည် လူ​တို့​အ​တွက်​မ​ဖြစ်​နိုင်​သော်​လည်း ဘု​ရား​သ​ခင်​အ​တွက်​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ကြောင်း​မှာ ဘု​ရား​သ​ခင်​အ​တွက် အ​ရာ​ခပ်​သိမ်း​သည်​ဖြစ်​နိုင်​၏”​ဟု မိန့်​တော်​မူ​၏။

28. ထို​အ​ခါ ပေ​တ​ရု​က “အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

29. ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ မည်​သူ​မ​ဆို ငါ့​အ​တွက်​နှင့် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အိမ်​ကို​ဖြစ်​စေ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ​ကို​ဖြစ်​စေ၊ အ​မိ​ကို​ဖြစ်​စေ၊ အ​ဖ​ကို​ဖြစ်​စေ၊ သား​သ​မီး​များ​ကို​ဖြစ်​စေ၊ မြေ​ယာ​များ​ကို​ဖြစ်​စေ စွန့်​လျှင်

30. ထို​သူ​သည် ယ​ခု​ဘ​ဝ​၌ အ​ဆ​တစ်​ရာ​သော​အ​ကျိုး​တည်း​ဟူ​သော အိမ်​များ၊ မြေ​ယာ​များ၊ ညီ​အစ်​ကို​မောင်​နှ​မ​များ၊ အ​မိ​များ၊ သား​သ​မီး​များ​ကို ညှဉ်း​ဆဲ​ခြင်း​များ​နှင့်​တ​ကွ​ခံ​စား​ရ​လျက် နောင်​ဘ​ဝ​၌ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​လိမ့်​မည်။

31. သို့​သော် အ​ဦး​ဆုံး​သော​သူ​များ​စွာ​တို့​သည် နောက်​ဆုံး​ဖြစ်​ကြ​ပြီး နောက်​ဆုံး​သော​သူ​များ​စွာ​တို့​သည် အ​ဦး​ဆုံး​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

32. သူ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေ​ရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​အံ့​အား​သင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ကို တစ်​ဖန်​ခေါ်​လျက် မိ​မိ​၌​ဖြစ်​ပျက်​လာ​တော့​မည့်​အ​ရာ​များ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​၍

33. “နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​ထံ အပ်​နှံ​ခြင်း​ခံ​ရ​လိမ့်​မည်။ သူ​တို့​သည် သူ့​ကို​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​ထံ အပ်​နှံ​ကြ​လိမ့်​မည်။

34. လူ​မျိုး​ခြား​တို့​သည် သူ့​ကို​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ပြီး ဒဏ်​ခတ်​ရိုက်​နှက်​ကာ​အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​သော် သုံး​ရက်​ကြာ​သော​အ​ခါ သူ​သည်​ထ​မြောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

35. ထို​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​တောင်း​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​တွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။

36. ကိုယ်​တော်​က​လည်း “သင်​တို့​အ​တွက် မည်​သည့်​အ​ရာ​ကို ပြု​စေ​လို​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်