Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 10:18-25 Myanmar Standard Bible (MSB)

18. ယေ​ရှု​က​လည်း “ငါ့​ကို​ကောင်း​မြတ်​သော​သူ​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​မှ​လွဲ​၍ ကောင်း​မြတ်​သော​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

19. ‘လူ​မ​သတ်​ရ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​မ​ကျူး​လွန်​ရ၊ မ​ခိုး​ယူ​ရ၊ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​မ​ပြု​ရ၊ လိမ်​ညာ​လု​ယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​ရို​သေ​လော့’​ဟူ​သော​ပ​ညတ်​တော်​တို့​ကို သင်​သိ​၏”​ဟု မိန့်​တော်​မူ​၏။

20. ထို​သူ​က​လည်း “ဆ​ရာ၊ အ​ကျွန်ုပ်​သည် ဤ​အ​ရာ​အား​လုံး​ကို ငယ်​စဉ်​က​တည်း​က စောင့်​ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​သည် ထို​သူ​ကို​စူး​စိုက်​ကြည့်​လျက် သူ့​အ​ပေါ်​မေတ္တာ​ထား​၍ “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို သွား​၍​ရောင်း​ပြီး​လျှင် ဆင်း​ရဲ​သား​တို့​အား​ပေး​ကမ်း​လော့။ ထို​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ ထို့​နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

22. ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ညှိုး​ငယ်​၍ ဝမ်း​နည်း​လျက်​ထွက်​သွား​လေ​၏။

23. ထို​အ​ခါ ယေ​ရှု​သည် ပတ်​ပတ်​လည်​သို့​ကြည့်​ရှု​လျက် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား”​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။

24. တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​အံ့​အား​သင့်​ကြ​၏။ သို့​သော် ယေ​ရှု​က “ချစ်​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု ထပ်​မံ​၍​မိန့်​တော်​မူ​၏။