Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 1:32-45 Myanmar Standard Bible (MSB)

32. ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီး နေ​ဝင်​သော​အ​ခါ လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​များ​နှင့် နတ်​ဆိုး​ပူး​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33. ထို​အ​ခါ တစ်​မြို့​လုံး​သည် အိမ်​တံ​ခါး​ဝ​တွင် စု​ဝေး​လာ​ကြ​၏။

34. ကိုယ်​တော်​သည်​လည်း ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ နာ​မ​ကျန်း​ဖြစ်​သူ များ​စွာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီး နတ်​ဆိုး​များ​စွာ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို​သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။

35. နံ​နက်​စော​စော​မိုး​မ​လင်း​မီ ကိုယ်​တော်​သည်​ထ​၍ လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်​ထို​အ​ရပ်​၌ ဆု​တောင်း​တော်​မူ​၏။

36. ထို​အ​ခါ ရှိ​မုန်​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​၍

37. ကိုယ်​တော်​ကို​တွေ့​လျှင် “လူ​အား​လုံး​သည် ကိုယ်​တော်​ကို လိုက်​ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

38. ကိုယ်​တော်​က​လည်း “အ​နီး​အ​နား​ရှိ အ​ခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟော​ပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အ​ကြောင်း​မူ​ကား ငါ​သည် ဤ​အ​တွက်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

39. ထို့​နောက် ကိုယ်​တော်​သည် ဂါ​လိ​လဲ​နယ်​တစ်​ဝန်း​လုံး​သို့​ကြွ​တော်​မူ​၍ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ဟော​ပြော​လျက် နတ်​ဆိုး​များ​ကို နှင်​ထုတ်​တော်​မူ​၏။

40. အ​နာ​ကြီး​ရော​ဂါ​သည်​တစ်​ဦး​သည် အ​ထံ​တော်​သို့​လာ​၍ ဒူး​ထောက်​လျက် “ကိုယ်​တော်​အ​လို​ရှိ​လျှင် အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်း​ပန်​လျှောက်​ထား​လေ​၏။

41. ကိုယ်​တော်​သည် ကြင်​နာ​စိတ်​ရှိ​တော်​မူ​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့​ထိ​ကာ “ငါ​အ​လို​ရှိ​၏။ စင်​ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်​မူ​၏။

42. ထို​ခ​ဏ​ချင်း​တွင် သူ​၏​အ​နာ​ကြီး​ရော​ဂါ​သည်​ပျောက်​ကင်း​သွား​၍ သူ​သည် စင်​ကြယ်​ခြင်း​သို့​ရောက်​လေ​၏။

43-44. ကိုယ်​တော်​က​လည်း “မည်​သူ့​ကို​မ​ဆို မည်​သည့်​အ​ရာ​မျှ​မ​ပြော​ရန် သ​တိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သာ​သွား​၍ သင့်​ကိုယ်​သင်​ပြ​ပြီး​လျှင် လူ​တို့​ရှေ့​၌ သက်​သေ​ဖြစ်​စေ​ရန် မော​ရှေ​ပ​ညတ်​ခဲ့​သည့်​အ​တိုင်း သင်​၏​စင်​ကြယ်​ခြင်း​ဝတ်​အ​တွက် ပူ​ဇော်​သက္ကာ​ကို ဆက်​သ​လော့”​ဟု တင်း​ကျပ်​စွာ​မှာ​ကြား​လျက်​သူ့​ကို​ချက်​ချင်း​ပြန်​သွား​စေ​တော်​မူ​၏။

45. သို့​သော် ထို​သူ​သည် ထွက်​သွား​၍ ထို​သ​တင်း​ကို အား​ပါး​တ​ရ​ပြော​ကြား​ပြီး ပျံ့​နှံ့​စေ​သ​ဖြင့် ကိုယ်​တော်​သည် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​၌ နေ​တော်​မူ​၏။ ထို​အ​ခါ အ​ရပ်​ရပ်​မှ​လူ​တို့​သည် ကိုယ်​တော့်​ထံ​သို့​ရောက်​လာ​ကြ​၏။