Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 1:23-37 Myanmar Standard Bible (MSB)

23. ထို​အ​ချိန်​၌​ပင် သူ​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ညစ်​ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။

24. ထို​သူ​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​တို့ မည်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို​ဖျက်​ဆီး​ရန် ကြွ​လာ​တော်​မူ​သ​လော။ ကိုယ်​တော်​မည်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်​ဟစ်​ပြော​ဆို​လေ​၏။

25. ယေ​ရှု​က​လည်း ထို​နတ်​ကို​ဆုံး​မ​လျက် “တိတ်​ဆိတ်​၍ သူ့​ထံ​မှ​ထွက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

26. ထို​အ​ခါ ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီး​လျှင် ကျယ်​လောင်​သော​အ​သံ​ဖြင့်​အော်​ဟစ်​လျက် သူ့​ထံ​မှ​ထွက်​သွား​လေ​၏။

27. လူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက် “ဤ​အ​ရာ​ကား မည်​သို့​နည်း။ အ​ခွင့်​အာ​ဏာ​ပါ​သည့် သွန်​သင်​ချက်​အ​သစ်​ပါ​တ​ကား။ ညစ်​ညူး​သော​နတ်​များ​ကို​ပင် အ​မိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်​တော်​ကို​နာ​ခံ​ကြ​ပါ​သည်​တ​ကား”​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​၏။

28. ဤ​သို့​ဖြင့် ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ​နယ်​ဝန်း​ကျင်​တစ်​ခု​လုံး​သို့ ချက်​ချင်း​ပျံ့​နှံ့​သွား​လေ​၏။

29. ထို့​နောက် သူ​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ချက်​ချင်း​ထွက်​ခွာ​၍ ယာ​ကုပ်၊ ယော​ဟန်​တို့​နှင့်​အ​တူ ရှိ​မုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့​သွား​ကြ​၏။

30. ရှိ​မုန်​၏​ယောက္ခ​မ​သည် ဖျား​နာ​လျက် လဲ​လျောင်း​နေ​သ​ဖြင့် လူ​တို့​သည် သူ့​အ​ကြောင်း​ကို ကိုယ်​တော်​အား မ​ဆိုင်း​မ​တွ​လျှောက်​ထား​ကြ​၏။

31. ကိုယ်​တော်​သည်​ချဉ်း​ကပ်​၍ ထို​အ​မျိုး​သ​မီး​၏​လက်​ကို​ကိုင်​လျက် ထူ​မ​တော်​မူ​ရာ သူ​သည်​အ​ဖျား​ပျောက်​သ​ဖြင့် သူ​တို့​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

32. ည​နေ​ချမ်း​အ​ချိန်​ရောက်​ပြီး နေ​ဝင်​သော​အ​ခါ လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​များ​နှင့် နတ်​ဆိုး​ပူး​သူ​ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။

33. ထို​အ​ခါ တစ်​မြို့​လုံး​သည် အိမ်​တံ​ခါး​ဝ​တွင် စု​ဝေး​လာ​ကြ​၏။

34. ကိုယ်​တော်​သည်​လည်း ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​၍ နာ​မ​ကျန်း​ဖြစ်​သူ များ​စွာ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီး နတ်​ဆိုး​များ​စွာ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို​သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။

35. နံ​နက်​စော​စော​မိုး​မ​လင်း​မီ ကိုယ်​တော်​သည်​ထ​၍ လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့ ထွက်​ခွာ​သွား​ပြီး​လျှင်​ထို​အ​ရပ်​၌ ဆု​တောင်း​တော်​မူ​၏။

36. ထို​အ​ခါ ရှိ​မုန်​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​၍

37. ကိုယ်​တော်​ကို​တွေ့​လျှင် “လူ​အား​လုံး​သည် ကိုယ်​တော်​ကို လိုက်​ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။