Myanmar Standard Bible

ရှင်​မာ​ကု​ခ​ရစ်​ဝင် 1:1-13 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​သား​တော် ယေ​ရှု​ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​စ​မှာ ဤ​သို့​ဖြစ်​၏။

2. “ကြည့်​ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်​ဆင်​မည့် ငါ​၏​စေ​တ​မန်​ကို သင့်​ထက်​အ​လျင် ဦး​စွာ​ငါ​စေ​လွှတ်​မည်။”

3. “တော​ကန္တာ​ရ​၌ ဟစ်​ကြော်​သော​အ​သံ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကြောင်း​များ​ကို ဖြောင့်​တန်း​စေ​ကြ​လော့”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်​အ​ညီ

4. ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​၍ တော​ကန္တာ​ရ​၌ ဗတ္တိ​ဇံ​ပေး​ကာ အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​အ​တွက် နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​လေ​၏။

5. ထို​အ​ခါ ယု​ဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေ​ရု​ဆ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့​သွား​၍ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ဂျော်​ဒန်​မြစ်​တွင် သူ့​ထံ​၌​ဗတ္တိ​ဇံ​ခံ​ကြ​၏။

6. ယော​ဟန်​သည် ကု​လား​အုပ်​အ​မွေး​ဖြင့်​လုပ်​ထား​သော​အ​ဝတ်​ကို​ဝတ်​၍ ခါး​၌​သား​ရေ​ခါး​ပန်း​ကို​စည်း​ကာ ကျိုင်း​ကောင်​နှင့်​တော​ပျား​ရည်​တို့​ကို​စား​လျက်​နေ​၏။

7. ယော​ဟန်​က “ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ့​နောက်​တွင်​ကြွ​လာ​မည်။ ထို​အ​ရှင်​၏​ခြေ​နင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်​တန်။

8. ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိ​ဇံ​ပေး​သော်​လည်း ထို​အ​ရှင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိ​ဇံ​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဟော​ပြော​လေ​၏။

9. ထို​နေ့​ရက်​ကာ​လ​၌ ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​၍ ဂျော်​ဒန်​မြစ်​တွင် ယော​ဟန်​ထံ​၌ ဗတ္တိ​ဇံ​ခံ​တော်​မူ​၏။

10. ထို့​နောက် ရေ​ထဲ​မှ​ထွက်​လာ​သည်​နှင့် ကောင်း​ကင်​သည်​ပွင့်​၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ မိ​မိ​အ​ပေါ်​သို့​ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။

11. ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို​ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

12. ထို့​နောက် ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့ ချက်​ချင်း​ထုတ်​ဆောင်​တော်​မူ​၏။

13. ထို​အ​ခါ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌ ရက်​ပေါင်း​လေး​ဆယ်​နေ​လျက် စာ​တန်​၏​ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ကောင်း​ကင်​တ​မန်​များ​သည် ကိုယ်​တော်​ကို​ပြု​စု​ကြ​၏။