Judson Bible

၄ ရာ 6:26-31 Judson Bible (BJB)

26. ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါ ဟု အော်ဟစ်၏။

27. ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူလျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊

28. သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည် ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊

29. ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန်နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့အပ်ပါ ဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။

30. ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။

31. ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသောဟု ဆို၏။