Judson Bible

၄ ရာ 25:8-12 Judson Bible (BJB)

8. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊

9. ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကို မီးရှို့လေ၏။

10. ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ကြ၏။

11. ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။

12. သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။