Judson Bible

၄ ရာ 18:7-11 Judson Bible (BJB)

7. ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့်သူသည် ပြုလေရာရာ၌အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွန်မခံ။ ပုန်ကန်လေ၏။

8. ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ၏။

9. ဟေဇကိမင်းကြီးနန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ဝိုင်းထား၏။

10. သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက်၍ရကြ၏။

11. အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။