Judson Bible

၄ ရာ 14:26-29 Judson Bible (BJB)

26. အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ဣသရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကို၎င်း၊ ထာဝရဘုရားသည်မြင်လျှင်၊

27. ဣသရေလအမျိုး၏ နာမကို မိုဃ်းကောင်းကင်အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသားယေရောဗောင်အားဖြင့် ကယ်တင်တော်မူ၏။

28. ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်ကယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

29. ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသရေလရှင်ဘုရင်တို့နှင့်အိပ်ပျော်၍ သားတော် ဇာခရိသည် ခမည်းတော်အရာ၌နန်းထိုင်၏။