Judson Bible

၄ ရာ 14:1-4 Judson Bible (BJB)

1. ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှနန်းစံနှစ်နှစ်တွင်၊

2. ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ၏။

3. ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌တရား သော အမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု၏။

4. သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။