Judson Bible

၄ ရာ 1:13-18 Judson Bible (BJB)

13. တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။

14. ကောင်းကင်က မီးကျ၍ အခြားသော တပ်မှူး နှစ်ယောက်နှင့် သူတို့၌ ပါသောလူတရာကို လောင် သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။

15. ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင်၊

16. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

17. ဧလိယဆင့်ဆိုသောထာဝရဘုရား၏ စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသောကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။

18. အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။