Judson Bible

၁ ရာ​ချုပ် 7:21-27 Judson Bible (BJB)

21. တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။

22. အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ်မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှါ လာကြ၏။

23. နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။

24. သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူဖြစ်၏။

25. သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊

26. သူ၏သားလာဒန်၊ သူ၏သားအမိဟုဒ်၊ သူ၏သား ဧလိရှမာ၊

27. သူ၏သားနုန်၊ သူ၏သားယောရှုတည်း။