Judson Bible

၁ ရာ​ချုပ် 6:8-24 Judson Bible (BJB)

8. အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားအဟိမတ်၊

9. အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။

10. ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလမုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။

11. အာဇရိသားကား အာမရိ၊ အာမရိသား အဟိတုပ်၊

12. အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား ရှလ္လုံ၊

13. ရှလ္လုံသား ဟိလခိ၊ ဟိလခိသား အာဇရိ၊

14. အာဇရိသား စရာယ၊ စရာယသား ယောဇဒက်တည်း။

15. ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။

16. လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊

17. ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။

18. ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

19. မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။

20. ဂေရရှုံသားကားလိဗနိ၊ လိဗနိသားယာဟတ်၊ ယာဟတ်သားဇိမ္မ၊

21. ဇိမ္မသားယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသားဇေရ၊ ဇေရသားယာတရဲတည်း။

22. ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သားကောရ၊ ကောရသားအဿိရ၊

23. အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သားအဿိရ၊

24. အဿိရသားတာဟတ်၊ တာဟတ်သားဥရေလ၊ ဥရေလသား ဩဇိ၊ ဩဇိသားရှောလ၊