Judson Bible

၁ ရာ​ချုပ် 3:1-7 Judson Bible (BJB)

1. ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။

2. တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲသမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သားအဒေါနိယတည်း။

3. ပဥ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သောသား ဣသရံတည်း။

4. ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။

5. ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။

6. ထိုမှတပါး၊ ဣဗဟာ။ ဧလိရွှ၊ ဧလိပလက်။

7. နောဂ၊ နေဖက်၊ ယာဖျာ၊