Judson Bible

၁ ရာ​ချုပ် 2:29-40 Judson Bible (BJB)

29. အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။

30. နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။

31. အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သားအာလဲတည်း။

32. ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။

33. ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။

34. ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတယောက်ရှိ၍၊

35. ထိုကျွန်နှင့် သမီးတယောက်ကိုပေးစားသဖြင့်။ သမီးသည် အဘဘို့သားအတ္တဲကို ဘွားမြင်၏။

36. အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။

37. ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊

38. ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။

39. အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊

40. ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊