Judson Bible

၁ ရာ​ချုပ် 2:13-19 Judson Bible (BJB)

13. ယေရှဲသားဦးကားဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊

14. စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊

15. ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ်တည်း။

16. သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကားအဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။

17. အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုးယေသာတည်း။

18. ဟေဇရုံသားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။

19. အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။