Judson Bible

၁ ရာ​ချုပ် 16:30-34 Judson Bible (BJB)

30. မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။

31. ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ။

32. ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ။ လယ်ပြင်နှင့်လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။

33. ထိုအခါတော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသား တို့ကိုတရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။

34. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။