Judson Bible

၁ ရာ​ချုပ် 14:1-5 Judson Bible (BJB)

1. တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကိုတည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။

2. ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။

3. ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။

4. ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊

5. ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊