Judson Bible

၁ ရာ​ချုပ် 12:24-37 Judson Bible (BJB)

24. ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊

25. ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊

26. လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊

27. အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊

28. ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊

29. ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုးသားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလုဘက်မှာစောင့်နေကြ၏။

30. ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှားသော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊

31. ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်းရှစ်ထောင်၊

32. ကာလအချိန်တို့ကို နားလည်၍ ဣသရေလအမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်းအပေါင်းတို့သည် အသင့်ရှိကြ၏။

33. စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက်စစ်ချီ၍ တိုက်တတ်သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊

34. နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင်၊

35. ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊

36. အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီတတ်သော သူလေးသောင်း၊

37. ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုးနှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊