Judson Bible

၁ ရာ​ချုပ် 11:1-3 Judson Bible (BJB)

1. ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။

2. အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။

3. ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည်ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။