Judson Bible

၁ ရာ​ချုပ် 1:33-49 Judson Bible (BJB)

33. မိဒျန်သားကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း။

34. အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။

35. ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။

36. ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမလက်တည်း။

37. ရွေလသားကား နာဟတ် ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။

38. စိရသားကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။

39. လောတန်သားကား ဟောရိနှင့်ဟေမံတည်း။ လောတန်နှမကား တိမနတည်း။

40. ရှောဗလသားကားအာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖော၊ ဩနံတည်း။ ဇိဘောင်သားကားအာယနှင့် အာနတည်း။

41. အာနသားကား ဒိရှုန်၊ ဒိရှုန်သားကားဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။

42. ဧဇာဘသားကား ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း။

43. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသားဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

44. ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ်သား ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။

45. ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိအရပ်သား ဟုရှံသည် မင်းပြုလေ၏။

46. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

47. ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သားစာမလသည် မင်းပြုလေ၏။

48. စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။

49. ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သားဗာလဟာနန်သည် မင်းပြုလေ၏။