Judson Bible

၁ ရာ 7:3-5 Judson Bible (BJB)

3. တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-

4. ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။

5. ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊