Judson Bible

၁ ရာ 23:15-19 Judson Bible (BJB)

15. တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊

16. ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊

17. မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊

18. ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။

19. တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊